လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ကော့ကစွယ် ကျေးရွာ ကွန်ကရစ် တံတား ဆောက်လုပ်

NCDDP’s Concrete Bridge Construction in Kawt Ka Swei Village of Hlaingbwe Kicked Off

Kayin, 22 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ကော့ဖမွတ်ကျေးရွာ အုပ်စု၊ ကော့ကစွယ် ကျေးရွာ ကွန်ကရစ် တံတား ဆောက်လုပ်ခြင်း လုပ်ငန်းကိုတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကွန်ကရစ် တံတားကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၂၀ နဲ့ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ခွန်နေလင်းအောင်၊ လူထုစည်းရုံးရေးမှူး စောအင်ဒရူးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ တို့ရဲ့ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ အကောင် အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ် ပြီး (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက ကော့ကစွယ် ကျေးရွာမှ အိမ်ထောင်စု (၁၁၃) စု လူဦးရေ (၈၀၆)ဦး တို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ အတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရပါတယ်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage