လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ်တွင် ထီးမကျူခီး ကျေးရွာ အုတ်စီ ရေကန်နှင့် ရေပိုက် သွယ်တန်း ခြင်း ဆောင်ရွက်

NCDDP’s Water Supply System Installation kicked off in Poe Pa Lay Village Tract of Hlaingbwe

Kayin, 22 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ပိုးပလေ ကျေးရွာ အုပ်စု ထီးမကျူခီး ကျေးရွာ အုတ်စီရေကန်နဲ့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၉ရက်နေ့ က စတင် ကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ အုတ်စီရေကန်နဲ့ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၄၅၀,၀၀၀ ကျပ်နဲ့ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး မင်းနွန်လရစ်အောင်၊ လူထု စည်းရုံးရေးမှူး စောထူးမြတ်လေးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက ထီးမကျူခီး ကျေးရွာမှ အိမ်ထောင်စု (၂၅)စု လူဦးရေ (၁၄၉)ဦး တို့ရဲ့ သောက်ရေ/သုံးရေများ အဆင်ပြေလာမှာ ဖြစ်ကြောင်း သိရှိရတယ်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage