လက်ထောက်နည်းပညာမှူးများသင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်

ဇူလိုင် ၈ လှိုင်းဘွဲမြို့

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လက်ထောက်နည်းပညာမှူးများသင်တန်းအမှတ်စဉ်(၁) ကို လက်ထောက်နည်းပညာမှူး(၃၂)ဦးအား (၈.၇.၂၀၁၉) မှ (၁၀.၇.၂၀၁၉) ထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် စီမံကိန်း ကရင်ပြည်နယ် ပြည်နယ်နည်းပညာအကြံပေးအင်ဂျင်နီယာများမှ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရပါသည်။