![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/received_395701227649650.jpeg?itok=C72Ncyuf)
လှိုင်းဘွဲ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) တွင် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်တိုးတက်စေရန် ရည်ရွယ်၍ Team Building Training ကို ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းကို စည်းရုံးရေးမှူး ကျား(၂၇)ဦးနှင့် မ(၂၉)ဦး စုစုပေါင်း(၅၆)ဦး တက်ရောက်၍ သင်တန်းနည်းပြ ဆရာစောအယ်ဘလုမှ ဦးဆောင်၍ (၁၉.၉.၂၀၁၉)မှ (၂၀.၉.၂၀၁၉)ရက်နေ့ထိ စာတွေ့လက်တွေ့ကစားနည်းများဖြင့် စနစ်တကျဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။