ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းသို့ လေ့လာရေးခရီးစဉ်သွားရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ  ကော်မတီဝင်များသည်(၁၀.၉.၂၀၁၈) ရက်နေ့ တွင် လေ့လာရေးခရီးစဉ်စတင်ထွက်ခွာ၍ (၁၁.၉.၂၀၁၈) ရက်နေ့၊နေ့လည် (၁၃00) နာရီတွင်ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့၍  (၁၂.၉.၂၀၁၈) ရက်နေ့နှင့် (၁၄.၉.၂၀၁၈) ရက်နေ့အထိ မီးတိုင်တောအုပ်စု ၊ ကော့ပြင်းကျေးရွာ၊ မုန်းအုပ်စု၊ စည်ပင်သာကျေးရွာ၊တုံးကြီးအုပ်စု၊ ရှမ်းငချောင်ကျေးရွာ၊ နောင်ကုန်းအုပ်စု၊ ကျွန်းငကုန်းကျေးရွာ၊  ဝဲကြီးအုပ်စု၊ တိုင်ပင်ကျေးရွာ၊ အင်းနက်အုပ်စု၊ တမာခေါကျေးရွာများသို့ ကွင်းဆင်းလေ့လာစေခဲ့ပြီး ကျောက်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။