“ကျေးလက်လူထု ဗဟိုပြု ဖွံ့ဖြိုးမှုကို တို့ရှေ့ရှု” ခေါင်းစဉ်ဖြင့် ကာတွန်း ပန်းချီ ပြိုင်ပွဲကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်မှ လူထုဗဟိုပြုစီမံကိန်း

လေးနှစ်တာ ဆောင်ရွက် ပြီးချိန်မှာ ကျေးရွာ အတွင်းရှိ လူထုများသာ မက ကျေးရွာများရဲ့ အနာဂါတ်ဖြစ်တဲ့ ကျောင်းသား ကျောင်းသူလေးများပါ

လူထုဗဟိုပြုစီမံကိန်းရဲ့ ရည်ရွယ်ချက်များ လမ်းစဉ်များနဲ့ ဆောင်ရွက်တဲ့ အကြောင်းအရာများကို နားလည် သိရှိလာစေရန် ရည်ရွယ်ပြီး၊

“ကျေးလက် လူထု ဗဟိုပြု ဖွံ့ဖြိုးမှုကို တို့ ရှေ့ရှု ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့တဲ့ ကာတွန်း ပန်းချီ ပြိုင်ပွဲကို ဆောမြို့နယ် သီးကုန်းကျေးရွာ

စာသင်ကျောင်းမှာ ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၉ နာရီ ကနေ ၁၁ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ စာစီစာကုံး ဖြေဆိုပွဲကို ဆောမြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း ကျားမ ရေးရာ တာဝန်ခံ၊ စည်းရုံးရေးမှုးများ၊ လက်ထောက် နည်းပညာမှုးများ၊

သီးကုန်းကျေးရွာ စာသင်ကျောင်းများမှ ဆရာ ဆရာမများနဲ့ ကျေးရွာပေါင်း ကွင်းကျောင်း၊ မင်းလယ်၊ သီးကုန်း၊ ကြံခင်း၊ ဝက်ခု၊ ကျောက်ဆွဲနဲ့

ကျောက်မြောင်းကျေးရွာများမှ စာစီစာကုံး ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ ၁၀၃ ဦး အပါအဝင် စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် စာစီစာကုံး ဖြေဆိုပြီးချိန်မှာ ဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူ များနဲ့ ဆရာ ဆရာမများ အားလုံးကို စီမံကိန်း တီရှပ်အင်္ကျီများ

လက်ဆောင်ပေး‌ဝေခဲ့ကာ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး၊ ပြိုင်ပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။ အဆိုပါ ကာတွန်း ပန်းချီ ပြိုင်ပွဲမှာ

အကောင်းဆုံး ရေးဆွဲနိုင်ခဲ့တဲ့ ကျောင်းသားကျောင်းသူများကို ဇန်နဝါရီလ ၁၀ ရက်နေ့က သီးကုန်း ကျေးရွာမှာ ကျင်းပ ပြုလုပ်တဲ့

သတင်း ပြန်ကြား ဆက်သွယ်ရေးနဲ့ မှတ်တမ်း ဓါတ်ပုံ ပြခန်းမှာ ဆုများ ချီးမြှင့်မှာ ဖြစ်ပါတယ်။

သတင်း - လူထု စည်းရုံးရေးမှုး တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank