ပေါက်မြို့နယ်အတွင်း ကျေးရွာတွင်းလမ်း မြေကာနရံ ဆောက်လုပ်နေမှု ကွင်းဆင်း စစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အင်းတောအုပ်စု အင်းတော တောင်စု ကျေးရွာမှာ ရွာတွင်းလမ်း မြေကာနရံ ဆောက်လုပ်နေမှုတွေကို မတ်လ ၁၉ ရက်နေ့က တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေး တယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်းစစ်ဆေးရာမှာ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသန့်၊ လူထုဗဟိုပြု အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊ တိုင်းအင်္ဂျင်နီယာ ဦးကျော်သာဖြူ၊ နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းနဲ့ တာဝန်ကျ ဝန်ထမ်းတွေ၊ ကော်မတီတွေက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတွေကို ကွင်းဆင်းကြည့်ရှုပြီး၊ လိုအပ်တဲ့ နည်းပညာတွေ လုပ်ဆောင်နိုင်ဖို့ လမ်းညွှန် ခဲ့ပါတယ်။

အဲဒီကျေးရွာ ရွာတွင်းလမ်း မြေကာ နံရံလုပ်ငန်းဟာ အလျားပေ ၁၁၅၂ ပေ၊ ထု ၆ လက်မနဲ့ ဆောင်ရွက်လျက်ရှိပြီး၊ လူထု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၈၇ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုနဲ့ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank