ကပ္ပလီအဝင်ဝကျေးရွာ ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့တဲ့ လူထု ဗဟိုပြုစီမံကိန်းမှ

ဒုတိယနှစ် စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ သာယာကုန်း​ကျေးရွာအုပ်စု ကပ္ပလီအဝင်ဝ​ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို

ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက အဆိုပါ ကျေးရွာ ကွန်ကရစ် လမ်းသစ် မုဒ်ဦးထိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ကရင်ပြည်နယ်

လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်က အဖွင့် အမှာစကား ပြောကြားပါတယ်။ ဆက်လက်ပြီး ကရင် ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်၊

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ သာယာရွှေလီ ကျောင်းဆရာတော်နဲ့ ကန္နီ ဆရာတော်တို့မှ ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်

ဖွင့်လှစ်ပေးခဲ့ကြပြီး၊ အဆိုပါ ကွန်ကရစ် လမ်းသစ်ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဆိုပါ ကွန်ကရစ် လမ်းသစ်မှာ

အရှည် ၂၂၇၀ ပေ ၊ အကျယ် ၁၆ ပေ ၊ ထု ၆ လက္မ ဖြစ်ပြီး တော့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၄၃ ဒဿမ ၀၄၀၅ သန်း ၊ ပြည်သူလူထု

ထည့်ဝင်ငွေ ၁ ဒသမ ၅၇၁၁ သန်းတို့ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး။ အခုလို ဆောင်ရွက် ပြီးစီးမှုကြောင့်

ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၉၃၆ လူဦးရေ ၆၀၀၁ ဦးတို့ရဲ့ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများမှာ

အကျိုးပြုမှာ ဖြစ်ကြောင်း လှိုင်းဘွဲ့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှုး ဦးစောအောင်မြင့်က

ပြောပြ၍ သိရပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank