လူထုဗဟိုပြု စီမံကိန်းမှ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြပွဲ မိုးကောင်းမြို့နယ်တွင် ပြသ

ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်းနဲ့ ပတ်သတ်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရည်ရွယ်ကာ သတင်း ပြန်ကြားရေး ဆိုင်ရာ Information Campaign ဓါတ်ပုံ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၈ ရက် ညနေ ၅ နာရီက ပင်းဘောကျေးရွာ အုပ်စု ပင်းဘောကျေးရွာ ဘုရားပွဲမှာ ကျင်းပခဲ့ရာမှာ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနဲ့ ဝန်ထမ်းတွေက လက်ကမ်းစာစောင်တွေ၊ ကျား-မ ရေးရာ လက်စွဲစာအုပ်တွေ အခမဲ့ဝေငှ ခဲ့ပြီးတဲ့နောက် စီမံကိန်း အကြောင်း မေးခွန်းတွေ အမေးအဖြေတွေ ပြုလုပ်ပြီး၊ စီမံကိန်း အမှတ် တံဆိပ်ပါ တီရှပ်တွေ၊ စီမံကိန်း ဦးထုပ်တွေနဲ့ စီမံကိန်း ဘောပင်တွေကို အခမဲ့ ဆုပေးခြင်း အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

Information Campaign သတင်းပြန်ကြားဆက်သွယ်ရေးနဲ့ စီမံကိန်း မှတ်တမ်းဓါတ်ပုံ ပြခန်း ဖွင့်လှစ်ရခြင်းနဲ့ ပတ်သတ်ပြီး၊ Team Leader ဒေါ်အေးအေးလင်းက ကျေးရွာအုပ်စု အတွင်းမှာ ရှိတဲ့ ကျေးရွာအချင်းချင်း၊ အုပ်စု အနီးအနားမှာ ရှိတဲ့ ကျေးရွာတွေအချင်းချင်း၊ ပိုမိုချိတ်ဆက်မှုတွေ အားကောင်းလာပြီး၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအားကောင်းပြီး အထောက်အကူ ပြနိုင်ဖို့ သတင်းပြန်ကြားဆက်သွယ်ရေးနဲ့ စီမံကိန်း မှတ်တမ်းဓါတ်ပုံ ပြခန်းကို ဖွင့်လှစ် ပြသခြင်း ဖြစ်ကြောင်းနဲ့ အခုပြခန်းကို ပင်းဘောကျေးရွာ အနီးအနားက ကျေးရွာ ၁၂ ရွာက ကျေးရွာသူ ကျေးရွာသား ၇၀၀ ကျော်က ည ၈ နာရီ ခွဲအထိ လာရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

သတင်း - ဧဧလေး

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank