ပူတာအိုမြို့နယ် ဇီးအွန် ကျေးရွာ ခန်းမဆောင် ဆောက်လုပ်ထားရှိမှုကို ရုံးချုပ်မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး၊ လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေဖြင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်ထားရှိမှုကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ ရေး ဦးစီးဌာန ရုံးချုပ်မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနဲ့ တာဝန်ရှိသူများ၊ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးကြောင်း သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးစဉ် ကျေးရွာ ခန်းမဆောင် ဆောက်လုပ်ထားရှိမှုများနဲ့ စပ်လျဉ်းပြီး၊ အခက်အခဲများ ကျေးရွာအတွက် လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ကွင်းဆင်း စစ်ဆေးကြည့်ရှုရာသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် မှ ညွှန်ကြားရေးမှူး ဦးရဲမင်းကျော်၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်နဲ့ မြို့နယ်မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank