လူထု ဗဟိုပြု စီမံကိန်းမှ မဘိမ်းမြို့နယ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် ကျေးလက် အခြေခံ အဆောက်အအုံများကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း ပေးအပ်

NCDDP’s Completed Infrastructure in Mabein Handed Over to Respective Officials

Shan, 25 October 2020, SkyNet Media Coverage

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းခွဲတွေကို သက်ဆိုင်ရာ စာရွက်စာတမ်းတွေ လုပ်ငန်းခွဲတွေရဲ့ မှတ်တမ်း ဓါတ်ပုံတွေနဲ့အတူ အောက်တိုဘာလ ၂၃ ရက်နေ့က သက်ဆိုင်ရာ ဌာနတွေကို လွှဲပြောင်း ပေးအပ်ခဲ့ရာ မြို့နယ် ပညာရေး ဦးစီးဌာနကို ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ လုပ်ငန်းခွဲ ၉ ခု၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနကို ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ လုပ်ငန်းခွဲ တစ်ခုနဲ့ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနကို လမ်း၊ တံတား လုပ်ငန်းခွဲ ၂ ခု၊ စုစုပေါင်း လုပ်ငန်းခွဲ ၁၂ ခု၊ လုပ်ငန်း တန်ဖိုး ၁၆၉ သန်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွှဲပြောင်း လက်ခံ ကြတယ်လို့ မြို့နယ် ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးက ပြောကြားခဲ့ပါတယ်။

 

သတင်း - ကိုကို‌အောင် (မဘိမ်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage