တဘက်ကျေးရွာအုပ်စုရှိ စီမံကိန်းလုပ်ငန်းခွဲများကို ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ တဘက်ကျေးရွာအုပ်စု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာတွေကို လူထုဗဟိုပြု စီမံကိန်းမှ ဦးခွန်ဇော်မျိုးထွန်း၊ စီမံကိန်း တာဝန်ခံ ဦးဟန်မင်းစိုး၊ နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင်၊ ပြည်နယ် အင်္ဂျင်နီယာ၊ မြို့နယ် အင်္ဂျင်နီယာနဲ့ စောင့်ကြည့် ကြီးကြပ်ရေး တာဝန်ခံ၊ နည်းပညာ အကြံပေးအဖွဲ့နဲ့ တာဝန်ကျ လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေနဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို တဘက်အုပ်စု ဝက်ဟေ့ကျေးရွာ၊ ဟူခဲ၊ မက်ပေါ့၊ ဟိုပန်၊ ကွန်နွန်၊ နောင်ခုန်၊ ဘန်ကန်း၊ ဝင်းကောင် ကျေးရွာတွေမှာ ရှိတဲ့ ကျောက်လမ်းခင်းတာ၊ ခန်းမဆောင် တည်ဆောက်တာ၊ သဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းတွေကို (မတ်လ ၁၂ ရက်နေ့က) ကြည့်ရှု့စစ်ဆေးကြတယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်း ကြည့်ရှုရာမှာ စီမံကိန်း လုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေ အတိုင်း အရည်အသွေး ပြည့်မှီစေရေး၊ လုပ်ငန်းမှာ အမျိုးသမီးတွေ ပူးပေါင်း ပါဝင်ပြီး လုပ်အားခ တန်းတူရရှိရေး၊ စီမံကိန်းနဲ့ သတ်ဆိုင်တဲ့ စာရွက်စာတမ်းတွေ စုံလင်မှု ရှိရေး၊ စီမံကိန်း လုပ်ဆောင်နေစဉ် အကာအကွယ် ပစ္စည်းတွေ အသုံးပြုရေး၊ အရင်နှစ်တွေမှာ ပြုလုပ်ထားတဲ့ လုပ်ငန်းတွေ လည်ပတ်ပြုပြင်ထိန်းသိမ်းမှုတွေကို‌ ကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီတွေနဲ့ ဆွေနွေးပြီး လုပ်ငန်းခွဲတွေကို ကြည့်ရှု့ခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank