မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ သိုက်ဝါးကုန်း ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်နေမှုနှင့် ဗန်းမောက် ကုန်း ကျေးရွာ စာသင်ကျောင်းဝင်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ဧပြီလ ၉ ရက်နေ့က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ နဲ့ အဖွဲ့တွေက လိုက်လံ ကြည့်ရှု စစ်ဆေးရာမှာ မြို့နယ် ဦးစီးမှုး ဦးမြသိန်းဝင်းနဲ့ ကျေးရွာ ကော်မတီဝင်တွေက ဆောင်ရွက် ထားရှိမှု ကို လိုက်လံ ပြသ ရှင်းလင်း ခဲ့ပါတယ်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ က ကျေးရွာ ဘက်စုံသုံး ခန်းမတွေ တည်ဆောက်ပြီးစီးတဲ့ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲတွေ ကာကွယ် ဆေးထိုးဆေးတိုက် တွေ ကျေးရွာ အစည်းအဝေးတွေ ပြုလုပ်ဖို့ များစွာ အသုံးဝင်တာကို တွေ့ရတာကြောင့် ခန်းမ ပြီးစီးရင် ထိထိရောက်ရောက်နဲ့ အသုံးပြုဖို့ကိုလည်း မှာကြားခဲ့ပါတယ်။

လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ မိုးကောင်းမြို့နယ်မှာ ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းကို ကျေးရွာ ၁၂ ရွာမှာ တည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ကျေးရွာ ၉ ရွာမှာ ခန်းမ တည်ဆောက် လျက်ရှိပြီး၊ ကျန်တဲ့ ကျေးရွာ ၃ ရွာရဲ့ ခန်းမတည်ဆောက်ခွင့်ကိုတော့ TPIC ခွင့်ပြုချက် မရရှိသေးတာကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနဲ့ စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ အုပ်စု ၃၆ အုပ်စု ကျေးရွာပေါင်း ၇၉ ရွာအတွက် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၆၂၃ သန်းနဲ့ ဆောင်ရွက် လျက် ရှိကြောင်း Team Leader ဒေါ်အေးအေးလင်း ထံက သိရပါတယ်။

သတင်း - ဧဧလေး

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank