ပေါက်မြို့နယ် သနပ္ပင်ဇင်းကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းဆောင် တိုးချဲ့ ပြုပြင် ဆောက်လုပ်

မကွေးတိုင်း ပေါက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ သနပ္ပင်ဇင်းအုပ်စု၊ သနပ္ပင်ဇင်းကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းဆောင် တိုးချဲ့ ပြုပြင် ဆောက်လုပ်နေမှု အခြေအနေများကို မေလ ၁၉ ရက်နေ့မှာ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး ဒေါ်သန်းဆွေ၊ လူထု စည်းရုံးရေးမှူး ဦးစိုးဝင်းတို့မှ လုပ်ငန်းကော်မတီများနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု့ခဲ့ရာ လိုအပ်တဲ့ နည်းပညာများကို လုပ်ဆောင်နိုင်ဖို့အတွက် လမ်းညွှန်ခဲ့ပါတယ်။

 

အဆိုပါ ကျေးရွာ စာသင်ကျောင်းဆောင်ကို လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ သိန်း ၁၈၅ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုဖြင့် အလျား ပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

 

ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးလက် ဖွံ့ဖြိုး‌ရေး စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၂၇၃ ခုကို စီမံကိန်း ထောက်ပံ့ငွေ ကျပ် သန်းပေါင်း ၃၁၀၉ သန်းဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ စာသင်ကျောင်းဆောင် တည်ဆောက်မှု လုပ်ငန်း ၆၃ ခု ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank