တွန်းဇံ မြို့နယ်တွင်း စီမံကိန်း လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်း ခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ဖိုင်တူ ကျေးရွာ အုပ်စု ဖိုင်တူ ကျေးရွာမှာ Covid-19 ကာလအတွင်း စီမံကိန်း လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ဝင်တွေ တာဝန်ကျ လက်ထောက်နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတွေ ပါဝင်တဲ့ တာဝန်ရှိသူတွေ အဖွဲ့က ကျေးရွာ ကော်မတီဝင်တွေနဲ့ ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်နေမှုတွေကို မေလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

 

စီမံကိန်း တာဝန်ရှိသူတွေဟာ လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၂၃ ဒဿမ ၉၅ သန်းနဲ့ ဆောင်ရွက်မယ့် ကျောက်ကြီးစည် ရေမြောင်းနဲ့ ရေထုတ်ပြွန် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်မယ့် မြေနေရာကို ကွင်းဆင်း စစ်ဆေးပြီးတော့ လူထုဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ Covid-19 ကာလအတွင်း စီမံကိန်းကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီးတော့ လမ်းညွှန်ချက်တွေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အဲလိုဆောင်ရွက်ခြင်းက ကျေးရွာလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရုံသာ မကပဲ ကျေးရွာလူထုကို တစ်ဖက် တစ်လမ်းကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်ငွေတွေ ရရှိစေ ခြင်းဖြင့် စားဝတ်နေရေး အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

 

ဆက်လက်ပြီးတော့ သဘောတူညီထားချက်တွေနဲ့အညီ စီမံကိန်း ဝယ်ယူရေး အဆိုပြုလွှာခေါ်ယူခြင်းတွေကို အကဲဖြတ် ရွေးချယ်ခြင်း လုပ်ငန်းခွဲ ဒီဇိုင်းနဲ့ Estimate တွေကို ရှင်းပြခြင်းနဲ့ စီမံကိန်း ရသုံး ခန့်မှန်းခြေ ဇယား အကောင်အထည် ဖော်ရေး အစီအစဉ်တွေ ရေးဆွဲပြီးတော့ လုပ်ငန်းစဉ်တွေနဲ့ သဘောတူ ဆုံးဖြတ်ချက်တွေကို ကျေးရွာ လူထုတွေ သိရှိနိုင် စေဖို့ လော်စပီကာနဲ့ ကြေညာတာ၊ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

 

သတင်း - ဦးဇော်ဝင်း

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank