ပေါက်မြို့နယ် ရွှေလှံကျေးရွာ ဘက်စုံသုံးခန်းမ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှု့ စစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ရေပြာကျေးရွာ အုပ်စု ရွှေလှံကျေးရွာ ဘက်စုံသုံး ခန်းမ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေက မေလ ၂၅ ရက်နေ့ မနက် ၉ နာရီ အချိန်က ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

 

အဲလို ကွင်းဆင်းစစ်ဆေးရာမှာ မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးတင့်ငွေ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့်နဲ့ တာဝန်ရှိသူ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တဲ့ ရွှေလှံကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တာတွေ ဖြည့်စွက် မှာကြားပါတယ်။

 

အဲဒီ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၇၀ ၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် ၄ ဒဿမ ၃၇၉၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၇၄ ဒဿမ ၃၇၉၅ သိန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank