လှိုင်းဘွဲ့ မြို့နယ် ငါးရစ် ချောင်းဖျားကျေးရွာ RC ကွန်ကရစ် တံတား တည်ဆောက်ပြီးစီး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ပိန္နဲတော ကျေးရွာ အုပ်စု ငါးရစ် ချောင်းဖျားကျေးရွာ RC ကွန်ကရစ် တံတားကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၃၉၉ သိန်းနဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ပြီးစီးခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ စတင် သွားလာခွင့် ရရှိပြီလို့ သိရပါတယ်။

 

အဲဒီတံတားကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး လူထု စည်းရုံးရေးမှူးတို့က အနီးကပ် ကြီးကြပ်မှုနဲ့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တစ်ကျ လမ်းညွှန်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး၊ ငါးရစ် ချောင်းဖျားကျေးရွာ၊ ပိန္နတော ကျေးရွာတွေက အိမ်ထောင်စု ၅၇၃ စု လူဦးရေ ၄၁၁၆ ဦးတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေအတွက် သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း (ခင်စန်းမြင့် ပြန်/ဆက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank