သဲကုန်း မြို့နယ်တွင် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင် ထည်ဖော်ရေး ကော်မတီ (TPIC) အစည်းအဝေး ကျင်းပ ပြုလုပ်

NCDDP’s Township Planning and Implementing Committee Meeting Conducted in Thegon

Bago, 21 November 2020, Ministry of Information

သဲကုန်း နိုဝင်ဘာ ၂၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ် စက်ဝန်း) မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်ထည် ဖော်ရေး ကော်မတီ (TPIC) ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဝေဖြိုးကျော်တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပြီး လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းတွင် အကောင်ထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦ စာသင် ကျောင်းဆောင်အသစ် ၁ လုံး၊ စာသင်ကျောင်းဆောင် ပြုပြင်ခြင်း ၂ လုံးနှင့် ၂ ခန်းတွဲအိမ်သာ ၁ လုံးကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်မြတ်ထွန်းမှ လွှဲပြောင်း ပေးအပ်ခဲ့ရာ မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ လူထုဗဟိုပြု စီမံကိန်းမှ တတိယနှစ် စက်ဝန်းအတွက် အကောင်ထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ အုပ်စု ၃၀ မှ လုပ်ငန်းခွဲ ၁၀၅ ခုကိုတင်ပြ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအလိုက် ပါဝင်ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(သဲကုန်းပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/news/21884