ဆောမြို့နယ် အတွင်း Covid-19 ကြောင့် ထိခိုက်မှုများ စစ်တမ်းကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောမြို့နယ် ရှိ ကျေးရွာ ၂၀ မှာ Covid-19 ကူးစက်ရောဂါ ကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက် ကျေးရွာများ၏ အခြေအနေ သိရှိနိုင်ဖို့အတွက် စစ်တမ်းများ ကောက်ယူခြင်းကိုတော့ ဇွန်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ စီမံကိန်း ဝန်ထမ်းများက ကွင်းဆင်း ကောက်ယူခဲ့ပါတယ်။

Covid-19 ကူးစက်ရောဂါကြောင့် အိမ်ထောင်စုများ ထိခိုက်မှု စစ်တမ်း ကောက်ယူရန်အတွက် Quarantine ထားရှိမှု အခြေအနေ၊ စီးပွားရေး အခြေအနေ၊ ဆင်းရဲ ချမ်းသာမှု အခြေအနေနဲ့ မြေပြင် အနေအထား အခက်အခဲပေါ် မူတည်ပြီး၊ လူထု ဗဟိုပြု စီမံကိန်း ဝင် ကျေးရွာ ၂၀ ရွေးချယ်ခဲ့ပြီး စစ်တမ်း ကောက်ယူခဲ့ပါတယ်။

စစ်တမ်း ကောက်ယူရာမှာ ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ရေလုပ်ငန်းနဲ့ အခြား လုပ်ငန်းရဲ့ အဓိက ထိခိုက်တဲ့ အကြောင်းရင်းများ၊ ပြန်လည်ထူထောင်ရန် လိုအပ်ချက်များကို သိရှိ နိုင်ဖို့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရပ်မိ ရပ်ဖများနဲ့ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်များအား တွေ့ဆုံ ကောက်ယူခဲ့ပါတယ်။

 

သတင်း - ရှု့မောင် (CSAGS)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank