သဲကုန်းမြို့နယ် ကုန်းကြီးကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းပြီးစီး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ ကန်နှစ်ဆင့် ကျေးရွာအုပ်စု ကုန်းကြီးကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ကုန်းကြီးကျေးရွာမှာ ကျေးရွာတွင်းလမ်း အရှည် ပေ ၅၈၀ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ၊ ကွန်ကရစ် လမ်းခင်းတာ လမ်း ပုခုံး တစ်ဖက် မြေနီ ၂ ပေ ခင်း ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၉ သန်းကျော်နဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး ဦးချမ်းမြေ့ ကိုကို၊ လူထု စည်းရုံးရေးမှူး၊ ဒေါ်ဝေနှင်းဖြူတို့ရဲ့ နည်းပညာ အကူအညီ အနီးကပ် ကြီးကြပ်မှုတို့နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ယခုနှစ် မတ်လ နောက်ဆုံးပတ်ကနေ စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်သွားပြီ ဖြစ်ကြောင်း၊ လူထု ဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး ဦးချမ်းမြေ့ကိုကိုက ပြောကြားပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,