ပျော်ဘွယ် မြို့နယ် ကျေးရွာအဝင် ကွန်ကရစ်လမ်း အဆင့်မြင့်တင်

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ် မြို့နယ်မှာ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ပံ့ပိုး ရန်ပုံငွေနဲ့ မယ်ဇလီအိုင် ကျေးရွာမှာ ကျေးရွာ အဝင် ကွန်ကရစ်လမ်း အဆင့်မြင့်တင်ခြင်းကို မေလ ပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ ကျေးရွာ ကွန်ကရစ်လမ်းမှာ အရှည် ပေ ၃၀၀၊ အကျယ် ၁၆ ပေ၊ ထု ၈ လက်မ ခင်းခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၆ ဒဿမ ၅ သန်းနဲ့ လက်ထောက်နည်းပညာ မှူးများရဲ့ နည်းပညာ အကူအညီ၊ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသား များကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ရွာအဝင်လမ်းက မြေသားလမ်း ဖြစ်နေတော့ မိုးရာသီဆို သွားလာရ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် ကျေးရွာသူ ကျေးရွာသားများက ရွေးချယ်ပြီးတော့ ရွာအဝင် မြေသားလမ်းကို ကွန်ကရစ် လမ်းအဖြစ် အဆင့် မြင့်တင်ပြီးတော့ လုပ်ငန်း ဆောင်ရွက်တာ ဖြစ်ပါတယ်လို့ ကျေးရွာ လူထု ဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ထံမှ သိရပါတယ်။

အဆိုပါ ကျေးရွာ အဝင် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်တာကြောင့် ကျေးရွာရှိ အိမ် ၁၂၅ အိမ်မှ လူဦးရေ ၅၃၇ ဦးတို့ရဲ့ မိုးရာသီ ကာလ လမ်းပန်း ဆက်သွယ်ရေးများ အဆင်ပြေမှာ ဖြစ်ကြောင်း ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံမှ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank