ထန်းရင်းကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်မှု ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ခေါင်းပေါင်း ကျေးရွာ အုပ်စု ထန်းရင်းကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်မှု ရာနှုန်းပြည့် ပြီးစီးအောင်မြင်မှု အခြေအနေများကို ဇွန်လှိုင်လ ၃ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးရာမှာ ပေါက် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း လက်ထောက်နည်းပညာ မှူး ဦးဌေးလင်းမောင်၊ လူထု စည်းရုံးရေးမှူး ဦးစိန်ထွန်းအောင်တို့က ကျေးရွာ လုပ်ငန်း ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး၊ စာသင်ကျောင်းဆောင် ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို လှည့်လှည် ကြည့် ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ် ပြီးစီးအောင်မြင်မှုနဲ့ ပတ်သတ်ပြီး၊ ထန်းရင်းကျေးရွာ တာဝန်ခံ ဦးကံထွန်းက အခုလို ပြောပြပါတယ်။

 

“ အခုလို လူထု ဗဟိုပြု စီမံကိန်းကနေပြီးကျမှ စာသင်ကျောင်းဆောင် ပေ ၉၀ ၊ ပေ ၃၀ ဆောက်လုပ်ပေးတာကို အင်မတန်မှ ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလဲ သာပါတယ်။ ကျနော်တို့ ယခင်က ဆိုလို့ ရှိရင် ကျောင်းသူ ကျောင်းသားလေးတွေဟာ မူလတန်းကနေ ကျော်လို့ ရှိရင် ခေါင်းပေါင်းကို သွားရတာ၊ ရွံ့ထဲကို သွားရတာ အင်မတန်မှ အခက်အခဲ ရှိပါတယ်၊ နောင်နောင် ဆိုလိုရှိရင် ကျောင်းသူ ကျောင်းသားလေးတွေက အဆင်ပြေလာမှာပါ၊ ဒီထက်လည်း ကျောင်းအဆင့်တိုး မူလတန်းလွန်ကနေပြီး အလယ်တန်း အဆင့်ကို ကျနော်တို့ ရချင်ပါတယ်၊ အလယ်တန်း အဆင့်ကို မျှော်မှန်း ပြီးကာ ကျမှ အခုလိုလဲ လူထု ဗဟိုပြု စီမံကိန်း ကြီးနဲ့ ယှဉ်တွဲပြီးကာမှ ကျေးရွာသူ ကျေးရွာသားများ အခက်အခဲ ခံရပြီးကာ ကျမှ လူအား ငွေအားပါ စိုက်ထုတ်ပြီးကာ ကျမှ အခုလို ၉၀ x ၃၀ ကြီးကို အောင်မြင်အောင် ဝိုင်းဝန်း ပံ့ပိုးပြီးတော့မှ ကျနော်တို့ အားတတ်သရော လုပ်ဆောင်ခဲ့ ပါတယ်။ အခုလို လူထု ဗဟိုပြု စီမံကိန်း ကြီးနဲ့ တစ်ကွ နိုင်ငံတော် အကြီးအကဲများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

 

အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ပေ ၉၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ ရှိပြီး၊ သွပ်မိုး အုတ်ကာ တစ်ထပ်ဆောင် ဖြစ်ပြီးတော့ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၉၀ ကျော်နဲ့ စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု ကျေးရွာ လူထုရဲ့ လူအားငွေအားများနဲ့ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်လျက် ရှိရာ အခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်တာကြောင့် ထန်းရင်းကျေးရွာနေ ကျောင်းသား ကျောင်းသူများ လုံခြုံ စိတ်ချစွာ ပညာသင်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank