ဆောမြိုနယ် လူထု ဗဟိုပြု စီမံကိန်း မီးကြိုး မီးတိုင် အဆင့်မြှင့်တင် ခြင်း လုပ်ငန်းခွဲများအတွက် လူထု စစ်တမ်းကောက်ယူ

Social Audit Conducted for Upgrading Electrification System in Saw

Shan, 13 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြိုနယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စတုတ္ထနှစ် စက်ဝန်း လူထု ဗဟိုပြု စီမံကိန်း မီးကြိုး မီးတိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွဲများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း စတုတ္ထနှစ် စက်ဝန်း ကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ က စတင်းပြီးတော့ ကျေးရွာပေါင်း ၅၃ ရွာမှာ ရှိတဲ့ မီးကြိုးမီးတိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွဲပေါင်း ၅၄ ခု ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းခွဲပေါင်း ၅၄ ခုကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၁၈,၇၆၀ နဲ့ ကျေးရွာ လူထု ပူးပေါင်း ပါဝင်ငွေ ကျပ် ၂၄,၇၁၅,၀၀၀ နဲ့ ဆောင်ရွက် ပြီးစီးခဲ့ပြီးတော့ စီမံကိန်း လုပ်ငန်းခွဲများ အပေါ် လူထု စစ်ဆေးခြင်း အစီအစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနဲ့ အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စနစ် တစ်ကျ လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။

သတင်း - ရှုမောင် (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank