ကျောက်ကြီး မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို ပဲခူးတိုင်း ဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီး မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပဲခူးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး လူထုဗဟိုပြု စီမံကိန်းမှ အခြေခံ အဆောက်အဦး ဆိုင်ရာ နည်းပညာ အကြံပေး ဦးရန်အောင်၊ ကျောက်ကြီး မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ သတင်း ပြန်ကြား ဆက်သွယ်ရေး ဝေဖန် အကြံပြုချက် ဖြေရှင်းရေးနှင့် ကျား-မ ရေးရာ နည်းပညာ အကြံပေး ဦးဝင်း ညီညီလတ်တို့ဟာ ကျေးရွာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့အတူ မုန်းကျေးရွာ အုပ်စု နောင်ချို ကျေးရွာနဲ့ လိန်ပင် ကျေးရွာတို့မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ စာသင် ကျောင်းဆောင်သစ် တည်ဆောက် ခြင်းနဲ့ မုန်းကျေးရွာ အုပ်စု မုန်းကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက် ပြီးစီးမှု တွေကို ကြည့်ရှု့ စစ်ဆေးပြီး၊ ကော်မတီ ဝင်တွေနဲ့ တွေ့ဆုံကာ စီမံကိန်းဆောင်ရွက် ထားရှိမှု ပြီးစီးမှု အခြေအနေနဲ့ စပ်လျဉ်းပြီးတော့ အရည်အသွေး ပြည့်မှီစေဖို့ သတ်မှတ် စံချိန်စံညွှန်းတွေ အတိုင်း ဆောင်ရွက်ထားရှိဖို့နဲ့ သတ်မှတ်ချိန်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ဖို့ မှာကြားပြီး၊ စီမံကိန်း အကောင်အထည်ဖော်စဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေ လုပ်ငန်း လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး အစီ အစဉ် ထားရှိမှု အခြေအနေတွေကို ဆွေးနွေးပြီး၊ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဝင်းညီညီလတ်

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank