ကျေးရွာမှာ ခန်းမဆောင်တည်ဆောက်ခြင်း လူထု စစ်ဆေးပွဲကို ဆီဆိုင်မြို့နယ်တွင် ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ ပါလောပါကယ် အုပ်စု ထီးရုန်းခြံ ကျေးရွာမှာ ခန်းမဆောင်တည်ဆောက်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု ပြီးစီးခဲ့တာကြောင့် လူထု စစ်ဆေးပွဲကို ဇူလိုင်လ ၇ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

 

အခု အချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့ အညီ လက်ထောက် နည်းပညာ မှူး၊ လူထု စည်းရုံးရေးမှူးနဲ့ ကျေးရွာ ကော်မတီဝင် တွေက စီမိကိန်း လုပ်ငန်းဆောင်ရွက်နေမှုတွေ ငွေစာရင်း ရှင်းတမ်းတွေကို ကျေးရွာလူထုထံကို အသံချဲ့စက်နဲ့ အသိပေး ကြော်ငြာခြင်း၊ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ခြင်း၊ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ လူထုက စိတ်ကျေနပ်မှု ရှိမရှိကို သိရှိနိုင်ဖို့ စာရွက်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ဝေငှ ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank