ထီးလင်းမြို့နယ် အိုင်းမ ကျေးရွာတွင် တိုင်ကြားစာများကို ဖြေရှင်းဆောင်ရွက်

ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအေးထွန်းမင်း၊ မကွေတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ပန်းအိမိုမို၊ Regional Infrastructure and Safeguard Assistant နဲ့ အဖွဲ့က ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ တစ်နာရီက အိုင်းမ ကျေးရွာ အုပ်စု အိုင်းမ ကျေးရွာရှိ အခြေခံ ပညာ မူလတန်း လွန်ကျောင်းမှာ ကျေးရွာ မီးလင်းရေး ကိစ္စနဲ့ ပတ်သတ်တဲ့ ဝေ ဖန် အကြံပြု တိုင်ကြားစာကို ဖြေရှင်းခဲ့ကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ ဖြေရှင်းရာမှာ လူထု ဗဟိုပြု စီမံကိန်း အနေနဲ့ ကျေးရွာလူထု တောင်းဆိုတဲ့ မီးလင်းရေး လုပ်ငန်း ခွင့်ပြုပေးခြင်းက မီးလိုင်း အရေအတွက်ကို အဓိက ထားပြီး ခွင့်ပြုပေးတာ မဟုတ်ပဲ ကျေးရွာအတွက် အသင့်တော်ဆုံး မီးလိုင်း၊ နည်းပညာ၊ အသုံးပြု ပစ္စည်းများကို ခွင့်ပြုခြင်း ဖြစ်ကြောင်း ဒါကြောင့် ကျေးရွာရဲ့ ရွာလယ် လမ်းမကြီးမှာ ပေ ၃၄၈၀ ပေ ရှိပြီး၊ လိုအပ်ချက် အရ မီးကြိုး ၅ လိုင်း ဆွဲထားပြီးတော့ ကျန်လမ်းသွယ်များရဲ့ အိမ်များ အနေဖြင့် မီးကြိုး သုံးလိုင်းဆိုရင် မီးအား လုံလောက်စွာ ရရှိကြောင်း၊ ၅ လိုင်း ဆွဲပါက စီမံကိန်း ပံ့ပိုးငွေ မလုံလောက်တာကြောင့် လိုအပ်ငွေကို ကျေးရွာ လူထုမှ ထပ်မံ ထည့်ဝင်ရမှာ ဖြစ်ကြောင်း ကျေးရွာ အင်္ဂျင်နီယာ ဒေါ်ပန်းအိမိုမိုမှ ကျေးရွာလူထုကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ထီးလင်း မြို့နယ်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျေးရွာ အုပ်စုအဆင့် ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်းရေး ကော်မတီထံ ပေးပို့တဲ့ စာ ၁၄ စောင်၊ မြို့နယ်အဆင့် တိုင်ကြားမှု ဖြေရှင်းရေး ကော်မတီ ထံ ပေးပို့တဲ့ စာ ၅၃ စောင် စုစုပေါင်း ဝေဖန် အကြံပြု တိုင်ကြားစာ ၆၇ စောင် ရရှိပြီး၊ အားလုံးဖြေရှင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank