လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်

NCDDP’s Completed Infrastructure for Education and Health in Hsihseng Handed Over to Respective Departments

Shan, 27 October 2020, Ministry of Information

ဆီဆိုင် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင် မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်မြင့်မှ လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုးမှ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဌာန အတွက် စီမံကိန်း လုပ်ငန်းခွဲ (၂၅)ခု နှင့် ကျန်းမာရေးဌာန အတွက် စီမံကိန်း လုပ်ငန်းခွဲ(၁)ခု တို့အား လွှဲပြောင်း ပေးအပ်ရာ မြို့နယ် ပညာရေးမှူး ဦးစိုးသစ်နှင့် မြို့နယ် သူနာပြုအဆင့်(၁) ဒေါ်နန်းဝင်းမြင့်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် လူထုဗဟိုပြု စီမံကိန်းမှ စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းတို့က ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် စာရင်းဇယားစာအုပ်နှင့် ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် (VDP) စာအုပ်များအား လွှဲပြောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/18451