ပူတာအို မြို့နယ် အင်ဖွမ်ဂါးကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်းမှ စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်မည်

၁၈ ဇူလိုင် ၂၀၂၀

 

ကချင်ပြည်နယ် ပူတာအို မြို့နယ် အင်ဖွမ်ဂါးကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်း တိုင်းတာခဲ့တယ်လို့ သိရပါတယ်။

 

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဖုန်အတာဆိုင်းထွယ်နဲ့ တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနဲ့ အတူ ဇူလိုင်လ ဒုတိယပတ်မှာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်း တိုင်းတာ ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီနောက် ကျေးရွာ လူထု အနေနဲ့ စိမ့်စမ်းရေ သွယ်တန်း ခြင်းလုပ်ငန်းမှာ ပူးပေါင်း ပါဝင်လုပ်ဆောင်ရမယ့် အချက်များကို လမ်းညွှန် မှာ ကြားခဲ့ကြောင်း အဆိုပါလုပ်ငန်း ပြီးစီးသွားပါက အင်ဖွမ်ဂါးကျေးရွာရှိ လူဦးရေ ၄၅၉ ဦးအတွက် သောက်သုံးရေများ လုံလောက်စွာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank