လူထု ဗဟိုပြု စီမံကိန်း ထီးလင်းမြို့နယ် မျက်မြှောင်ကျေးရွာ ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်း ကြည့်ရှု့စစ်ဆေး

ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဦးအောင်ထွန်းမင်းနဲ့ တိုင်းကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒေါ်ပန်းအိမိုမို၊ Regional Infrastructure and Safeguard Assistant အဖွဲ့တို့ဟာ ဇူလိုင်လ ၁၆ ရက် မနက် ၉ နာရီက မျက်မြှောင် ကျေးရွာ အုပ်စု မျက်မြှောင် ကျေးရွာကို ရောက်ရှိပြီး၊ လူထု ဗဟိုပြု စီမံကိန်း ငွေကျပ် ၁၉၈ သိန်းနဲ့ အလုံးစုံ ကန်ထရိုက်စနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရွာတွင်းလမ်း ချောင်းသဲကြမ်းခင်းခြင်း လုပ်ငန်း ပြီးစီးမှုကို သွားရောက် စစ်ဆေးတယ်လို့ သိရပါတယ်။

 

အဲလို စစ်ဆေးရာမှာ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ ကော်မတီဝင်တွေ ပါဝင်တဲ့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး၊ ကန်ထရိုက်တာ ဦးကျော်သင်းက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တဲ့ ရွာတွင်းလမ်း ခင်းထားမှု အလျား၊ အကျယ်၊ အထူ လမ်းသိပ်သည်းမှု တွေ ပြည့်မှီမှု ရှိမရှိ၊ အတိုင်းအတာတွေ မှန်ကန်မှု ရှိမရှိ တိုင်းတာ စစ်ဆေးပြီး၊ လိုအပ်တာတွေကို ကျေးရွာ တာဝန်ကျ လက်ထောက် နည်းပညာမှူး ဦးအာကာကျော်နဲ့ လူထု စည်းရုံးရေးမှူး ဦးထွန်းထွန်းနိုင်တို့ကို လမ်းညွှန်မှာ ကြားတယ်လို့ သိရပါတယ်။

 

သတင်း - ကျော်ဇေယျ (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank