နောင်သငဲ့ကျေးရွာတွင် ဝေဖန်အကြံပြု ဖြေရှင်းရေး အစည်းအဝေးကျင်းပ

Meeting Organized for Grievance Handling Mechanism in in Naung Tha Nge Village of Hlaingbwe

Kayin, 14 December 2020, IPRD Hlaingbwe

လှိုင်းဘွဲ ဒီဇင်ဘာ ၁၄

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် နောင်သငဲ့ကျေးရွာအုပ်စု နောင်သငဲ့ ကျေးရွာ ရွာတွင်း ကျောက်ချော မြေသားလမ်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဝေဖန်အကြံပြု ဖြေရှင်းရေး အစည်း အဝေးကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်သငဲ့ကျေးရွာတွင် စီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀၀ ကျပ်ဖြင့် ဆောင်ရွက်နေသော ရွာတွင်း ကျောက်ရော မြေသားလမ်း ခင်းခြင်း (အရှည် ၁၀၃၃ပေ x အကျယ် ၁၅ပေ x ထု ၁ပေ) လုပ်ငန်းနှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ဝန်ခံမှုများ တိုးတက်လာစေရန်၊ ရပ်ရွာ ပူးပေါင်းပါဝင်မှု ပိုမို အားကောင်း လာစေရန်၊ ပိုမို ကောင်းမွန်သော ရလဒ်မှ စိတ်ကျေနပ်မှု တိုးတက်မြင့်မား လာစေရန်၊ မလိုလားအပ်သော ပြသာနာများ လျော့ကျစေရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝေဖန်အကြံပြု ဖြေရှင်းရေး တာဝန်ခံ ဦးညီညီဇော်၊ မြို့နယ် နည်းပညာအကြံပေးအဖွဲ့မှ ဝေဖန်အကြံပြု တာဝန်ခံ ဦးနန္ဒထွန်း၊ ကျေးရွာတာဝန်ခံ လူထု စည်းရုံးရေးမှူးများ၊ နောင်သငဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်သူ လူထုတို့ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

https://web.facebook.com/IPRD-Hlaingbwe-100130015027543/photos/pcb.217798373260706/217798039927406

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information