ထီးလင်းမြို့နယ် အကြည်ဝါးဘင်း ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း အကြံပေး ဦးမောင်ပိုဟာ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၈ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာအုပ်စု အကြည်ဝါးဘင်း ကျေးရွာမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်းရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ နည်းပညာ ပံ့ပိုးမှုတွေနဲ့ ကျေးရွာလူထုနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

လူထု ဗဟိုပြု စီမံကိန်း အကြံပေး ဦးမောင်ပိုနဲ့အတူ နယ်မြေ တာဝန်ခံ ဝယ်ယူရေး အရာရှိ ဒေါ်အေးစိုးဦး၊ ကျေးရွာ တာဝန်ကျ လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေနဲ့ အတူ လိုက်ပါ ကြည့်ရှု့ စစ်ဆေး ခဲ့ပီး လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ပါတယ်။

 

အဲဒီ ဘက်စုံသုံး ခန်းမဆောင်ဟာ စီမံကိန်း ပံ့ပိုးငွေ ၁၉,၂၄၃,၀၃၀ ကျပ် ကုန်ကျတယ်လို့ သိရပါတယ်။

 

သတင်း - ကျော်ဇေယျ (CSAGS)

Credit- SkyNet Media Coverage