ဆီဆိုင်မြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေး

ဆီဆိုင် စက်တင်ဘာလ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် အတွင်း လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထု ဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ငွေကျပ်(၅၃၀၀၀၀၀)၊ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ်(၁၁၃၈၁၂၀)ဖြင့် အလျား ၅၁.၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ ဘက်စုံသုံး ကျေးရွာ ခန်းမဆောင် ပြုပြင်ခြင်း လုပ်ငန်းနှင့် နောင်ခုံးကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ်(၁၃၀၀၀၀၀၀)၊ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ်(၁၆၅၉၀၀၀)ဖြင့် အရှည် ၁၃၄၀ ပေ၊ အကျယ် ၃ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် ဘီးရာလမ်း ခင်းခြင်း လုပ်ငန်း၊ ကုန်းဆွတ် ကျေးရွာအုပ်စု၊ တောင်သာကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် (၈၀၀၀၀၀၀)၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ်(၁၃၆၀၀၀၀) ဖြင့် အရှည် ၆၄၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် မွေတော်နမ့်စစ် ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ကျပ်(၇၅၀၀၀၀၀)၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ် (၃၆၄၀၀) ဖြင့် Hydram တပ်ဆင်ခြင်း၊ ရေထွက်ပင်းရင်းမှ အရှည် ၉၆၀ ပေရှိ ရေပိုက် သွယ်တန်းခြင်း၊ ဂါလံ (၅၀၀၀)ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်း၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်စုံ ကျေးရွာအုပ်စု၊ ဖြီဟန်းခါး ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် (၈၀၀၀၀၀၀) ဖြင့် အလျားပေ ၂၀၊ အနံ ၁၆ ပေ၊ အမြင့် ၅ ပေရှိ ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းနှင့် နန်းဩကျေးရွာတွင် လူထု ဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၈၂၀၀၀၀၀)၊ ကျေးရွာလူထု ထည့်ဝင်ငွေကျပ် (၁၂၉၂၀၀၀)ဖြင့် အလျား ၄၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၂ ပေရှိ မူကြိုကျောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

Credit – Ministry of Information

#NCDDP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/9846