မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တောင်နီကျေးရွာ ခန်းမဆောင် လုပ်ငန်းအတွက် လူထုစစ်ဆေးပွဲကျင်းပ

Social Audit Conducted for NCDDP’s Village Hall Construction in Taung Ni Village of Mogaung

Development News TV

မိုးကောင်း၊အောက်တိုဘာ ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် တောင်နီကျေးရွာအုပ်စု၊ တောင်နီ ကျေးရွာ၏ ကျေးရွာ ဘက်စုံသုံး ခန်းမနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ပြီးစီးပြီ ဖြစ်၍ လူထု စစ်ဆေးပွဲကို အောက်တိုဘာလ ၁၂ ရက် နေ့လည် ၁၁ နာရီ အချိန်က အဆိုပါ ကျေးရွာ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းမှ တက်ရောက်ခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ကျေးရွာ ကော်မတီ ဝင်များနဲ့ အတူ ပုံစ-စ (၇) ဖြင့် ကောက်ယူခဲ့ကြပါတယ်။

ဆက်လက်၍ မြို့နယ် ဦးစီးမှူးသည် စီမံကိန်း လေးနှစ် ၏ စာရင်းဇယားများ စစ်ဆေးခြင်း၊ ကျေးရွာ ကော်မတီဝင် များနှင့် တွေ့ဆုံပြီး၊ စာရင်းဇယားများ စနစ်တကျ ထိန်းသိမ်း ထားရှိရေးကို လေးစား လိုက်နာကြရန်

လည်ပတ် ပြုပြင် ထိန်းသိမ်းရေးကို အစီအစဉ်တစ်ကျ လိုက်နာကြရန် မှာကြားခဲ့ပါတယ်။

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက် ဝန်း၏ ကျေးရွာဘက်စုံသုံးခန်းမဆောင်(90'×30'×13') တည်ဆောက်ခြင်း လုပ်ငန်းကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(39950000)၊ခန်းမဆက်စပ်(သန့်စင်ခန်း) 2 (5'×5'×8') လုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း(3800600)ကျေးရွာလူထု ထည့်ဝင်ငွေကျပ်သိန်း(1193000၊လုပ်ငန်းခွဲ(၂)ခု၏စုစုပေါင်းအမှန်ကုန်ကျငွေကျပ် (44943600) သိန်းဖြင့် မေလ (၁၈) ရက်နေ့မှ စတင်ခဲ့ရာ အောက်တိုဘာလ(၂)ရက်နေ့ တွင်ပြီးစီးခဲ့ရာ လေးနှစ်၏စာရင်းဇယားများစုံလင်အောင် စစ်ဆေးပြီးစီး ၍လူထုစစ်ဆေးပွဲ ကိုအောက်တိုဘာလ (၁၂) ရက်နေ့ နေ့လည်(၁၁)နာရီ အချိန်ကပုံစံ - စ (၇)အား

တောင်နီကျေးရွာတွင် အိမ်ခြေ (၇၀၀) ခန့် ရှိပြီး၊ လူထု ဗဟိုပြု စီမံကိန်း စက်ဝန်း ၃ နှစ်တွင် သဲကျောက်လမ်းခင်းခြင်း၊ ရေပြွန်တံတားများနှင့် တံတားငယ်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး၊ စတုတ္ထနှစ် စက်ဝန်းမှာတော့ ကျေးရွာတွင်း စည်းဝေးပွဲများ၊ တွေ့ဆုံပွဲများ၊ ကာကွယ် ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိသဖြင့် လူထု ဗဟိုပြု စီမံကိန်း အစည်းအဝေးတွင် စီမံကိန်း လုပ်ငန်းများ ရွေးချယ်ရာ၌ ကျေးရွာလူထု အများစုမှ ခန်းမအား ရွေးချယ်ခဲ့ကြသဖြင့် ယခုကဲ့သို့ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၃ ပေရှိ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်နှင့် နှစ်ခန်းတွဲ သန့်စင်ခန်းများကို ကျေးရွာလူထု လုပ်အားဖြင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း ဘက်စုံသုံး ခန်းမ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ကျေးရွာတွင်း ကော်မတီများ ဖွဲ့စည်း၍ ထိန်းသိမ်း စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း တောင်နီ ကျေးရွာ လူထုဗဟိုပြု စီမံကိန်း အထောက်အကူ ပြု ကော်မတီ ဥက္ကဌ ဦးလင်းထိန်က ပြောကြားခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းထံမှ သိရှိရပါတယ်။

သတင်း - ဧဧလေး

Credit – Development News TV

#NCDDP, #DRD, #MOALI, #WorldBank

https://web.facebook.com/108312817273501/videos/345064030058347