![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/capture1881.png?itok=lA8aP289)
NCDDP’s Sub-project Activities in Thegon Monitored by Respective Officials
Bago, 21 October 2020, SkyNet Media Coverage
ပဲခူးတိုင်း ဒေသကြီး သဲကုန်း မြို့နယ် လူထု ဗဟို ပြု စီမံကိန်း လုပ်ငန်းခွဲတွေ လုပ်ဆောင်မှု အခြေအနေတွေကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်း ထိုက်ဦးနဲ့ တာဝန်ရှိသူတွေက မနေ့က ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပါတယ်။
ဦးစွာ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဦးအောင်မြတ်ထွန်းနဲ့ လူထု ဗဟိုပြု တာဝန်ရှိသူတွေက ကျေးရွာ မြေနီလမ်းနှင့် အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို ရှင်းလင်း တင်ပြပြီးနောက် ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက မြေပြင်အခြေအနေကို လှည့်လည် ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။
ဆက်လက်ပြီး စီမံကိန်း ဒုတိယနှစ်နှင့် တတိယနှစ် စက်ဝန်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ မေးမြန်းပြီး၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးနဲ့ တာဝန်ရှိသူတွေဟာ Cash for Work နဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တဲ့ ကျေးရွာ တွေရဲ့ စာရင်း ဇယား ပုံစံတွေ ရေးသွင်း ထားရှိမှုကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို အောင်မြင် ဖြစ်ထွန်းမှု ရှိမရှိ လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး၊ ကျေးရွာ ကော်မတီဝင်တွေကို လိုအပ်ချက်တွေ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။
သတင်း - မင်းမြင့်မိုရ်
#NCDDP, #DRD, #MOALI, #WorldBank
Credit- SkyNet Media Coverage