ကျွန်းလှမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်၀န်း) လျှပ်စစ် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနိုင်း အစည်းအ‌ဝေးကျင်းပ

Coordination Meeting Organized for NCDDP’s Village Electrification System in Kyunhla

Sagaing, 25 October 2020, Development News TV

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက အဖွင့် အမှာ စကား ပြောကြားပြီး၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်က လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ စတင်နိုင်ရန် TPIC ကော်မတီ အနေဖြင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်လှချောအေးမှ လျှပ်စစ်မီး လင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာ ၂၀ ကို တင်ဒါ ခေါ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီး နေပြီ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းတွင် လျှပ်စစ်မီးကြိုး၊ မီးတိုင် တိုးချဲ့ သွယ်တန်းခြင်း လုပ်ငန်း ၁၂ ခု၊ အင်ဂျင်မီးလင်းရေး လုပ်ငန်း ၈ ခု၊ စုစုပေါင်း လုပ်ငန်း ၂၀ ခုတို့အား စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၂၃ ဒသမ ၇၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်ထံမှ သိရပါတယ်။

သတင်း - ရဲအောင် ကျေးလက်

#NCDDP, #DRD, #MOALI, #WorldBank

Credit - Development News TV

https://web.facebook.com/watch/?v=668248163803757