လူထု ဗဟိုပြု စီမံကိန်းမှ ပန်းတောင်း မြို့နယ် ညောင်ပင်သာ ကျေးရွာ သနီချောင်းကူး ကြိုးတံတားဖွင့်လှစ်

Opening Ceremony and Social Audit Conducted for NCDDP’s Naung Pin Thar Bridge in Padaung

Bago, 14 November 2020, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ် ဇရပ်လှ ကျေးရွာ အုပ်စု ညောင်ပင်သာ ကျေးရွာမှာ သနီချောင်းကူး (ညောင်ပင်သာ) ကြိုးတံတားဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပပါတယ်။

အခမ်းအနားမှာ သနီ ချောင်းကူး ကြိုးတံတားကို ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသိန်း ထိုက်ဦးနဲ့ တာဝန်ရှိသူတွေ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှု့ခဲ့ပါတယ်။

အဲဒီ တံတားကို မတ်လ ၁၀ ရက်က စတင် တည်ဆောက်ခဲ့ပြီး ကုန်ကျမှု တန်ဖိုးမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၂၅၀၊ ပြည်သူလူထုနဲ့ အလှူရှင်တွေရဲ့ ထည့်ဝင်ငွေကျပ် ၂၈၆ သိန်း ကျော် ရှိကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက တာဝန်ယူ တည်ဆောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် သနီ ချောင်းကူး တံတား တည်ဆောက်ပြီးစီးပြီ ဖြစ်တာကြောင့် လူထု စစ်ဆေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage