ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှု့ စစ်ဆေး

NCDDP’s Sub-project Activities in Kyunhla Monitored by Respective Officials

Sagaing, 14 November 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ပံ့ပိုး ရန်ပုံငွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ရွာသီ အုပ်စု ရွာသီ အနောက် ကျေးရွာ၊ ရွာသီ အရှေ့ ကျေးရွာနဲ့ ရွှေတောင် ကျေးရွာတို့မှာ ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနဲ့ Box Culvert တံတား တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့က ကန့်ဘလူ ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ ကျွန်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်နဲ့ တာဝန်ရှိသူများက ကျေးရွာ စီမံကိန်း ကော်မတီဝင်များ နှင့် အတူ ကြည့် ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းများ ရေရှည်တည်တံ့စေရန် စဉ်ဆက်မပြတ် ဝိုင်းဝန်း ထိန်းသိမ်း ဆောင် ရွက် ကြစေရန် အကြံပြု မှာကြား ခဲ့ပါတယ်။

ကျွန်းလှ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀၁ ရွာမှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းနဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၀၉ ခုကို စီမံကိန်း ပံ့ပိုး ရန်ပုံငွေကျပ် သန်း ၁၄၃၀ နဲ့ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိကြောင်း လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးရဲကိုကိုဝင်း ထံမှ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)