ကျိုက်မရော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့် ဆောင်ရွက်

NCDDP’s Socialization Meeting Conducted through Video Conferencing for Kyaikmaraw

Mon, 22 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က Video Conferencing စနစ်နဲ့ ကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက အဖွင့် အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်နဲ့ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်တို့က အမှာစကားတွေ ပြော ကြားကြပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထု ဗဟိုပြု စီမံကိန်း အကြောင်းကို မိတ်ဆက်ပြောကြားပြီး၊ အခမ်းအနား တက်ရောက်လာကြသူတွေက သိရှိလိုတာတွေကို မေးမြန်းကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားပေးခဲ့ပြီး၊ ပြည်နယ် ဦးစီးမှူး ဦးစိုးမောင်က နိဂုံးချုပ် အမှာ စကား ပြော ကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတွေ ကမ္ဘာဘဏ်က ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ ရပ်မိ ရပ်ဖတွေ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ (CSOs) တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage