လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off at Kyon Pa Ko of Hlaingbwe

Kayin, 24 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၂၄

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ကျုံပကို ကျေးရွာအုပ်စု ကျုံပကို ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ၂၃,၇၀၀,၀၀၀ ကျပ်ဖြင့် (အရှည် ၁၄၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ) ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် တာဝန်ရှိသူ တို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ၊ ကျေးရွာသားတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ပြီးစီးသွားပါ ကျုံပကို ကျေးရွာအုပ်စု ကျုံပကို ကျေးရွာ အိမ်ထောင်စု (၂၅၁) စု၊ လူဦးရေ (၁၇၈၀) ဦးတို့အား အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit - Ministry of Information

https://www.moi.gov.mm/iprd/news/22170

http://www.mdn.gov.mm/my/kunpkiukeraattng-luuuure-1780-attk-akiupumnny-raattngknkrclmlupngn-cheaangrk