လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ပထမအကြိမ် ကျေးရွာအုပ်စု အစည်းအဝေးကျင်းပ

NCDDP’s Village Tract Coordination Meeting Organzied at Mo Sar Khee Village of Hpasawng

Kayah, 15 December 2020, Myanmar Digital News

မယ်စဲ့ ၊ ၁၅ ဒီဇင်ဘာ

 

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ် ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ကျေးရွာအုပ်စု ပထမအကြိမ် အစည်းအဝေးကို မိုဆာခီး အုပ်စု မိုဆာခီးကျေးရွာ ခန်းမဆောင်တွင် ဒီဇင် ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ မိုဆာခီးကျေးရွာ အုပ်စုများမှ စီမံကိန်း အထောက်အကူပြု ကော်မတီ၀င် (၂၅)ဦး၊ လက်ထောက် နည်းပညာမှူး (၂)ဦး၊ လူထု စည်းရုံးရေးမှူး (၂)ဦး နှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးခူးကလောရယ်၊ Finance Officer ဆရာမ ဒေါ်နန်းကောင်ခမ်းနှင့် ပြည်နယ် Infrastructure ဦးအာကာချစ်နန်းတို့ တက်ရောက်ကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ၎င်းတို့နှင့် သက်ဆိုင်သည့် အချက်အလက်များ အား ချပြ ဆွေးနွေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အကောင်ထည်ဖော်ရန် ရန်ပုံငွေ ခွဲဝေခြင်း၊ အုပ်စု ကော်မတီများအား ပြန်လည်ရွေးချယ် အတည်ပြုခြင်းနှင့် နည်းပညာဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ စီမံကိန်း၏ မူဝါဒနှင့် အညီ ဆောင်ရွက်ရန် နည်းလမ်းများအား ဆွေးနွေးအတည်ပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူ ညီချက်မှုများအား လက်မှတ်ရေးထိုး ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ချစ်ဦးကိုကို(နွားထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Myanmar Digital News

http://www.mdn.gov.mm/my/luuthubhiupu-ciimnkinduttiyncckwn-pthmakim-keraaaupcu-acnnyawekngp