လူထုဗဟိုပြု စီမံကိန်း Steel Structure Estimate သင်တန်းကို ဆောမြို့နယ်တွင် ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိတဲ့ ဆောမြို့နယ်လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း Steel Structure Estimate သင်တန်းကို ဆောမြို့နယ် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ တွေက သင်တန်း ပို့ချခဲ့ပါတယ်။

 

သင်တန်းမှာ DYYH Engineering Training Centre မှ Founder Teacher ဒေါ်ယုယုထွန်းမှ Steel Structure Estimate နဲ့ ပတ်သတ်ပြီး၊ ခန့်မှန်းခြေ

စာရင်းတွက်ချက်မှုများကို သင်တန်းပို့ချခဲ့ပါတယ်။ အဆိုပါသင်တန်းမှာ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ၈ ဦး၊

လူထု ဗဟိုပြု စီမံကိန်း မကွေးတိုင်းဒေသကြီး တာဝန်ခံနဲ့ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်္ဂျင်နီယာများ၊

စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank