စီမံကိန်း နည်းပညာ အစည်းအဝေး နမ်ဟူရွာဟောင်းကျေးရွာတွင် ပြုလုပ်

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစားဌာနက

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်

ဝမ်ခုတ်အုပ်စု၊ နောင်ဖူ ရွာဟောင်းကျေးရွာမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျေးရွာ ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေက

အကာအကွယ်တွေ လူမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ လည်ပတ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်ပြီး၊

လက်တွေ့ လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နည်းပညာ အစည်းအဝေး ကျင်းပ ပြုလုပ်တယ် လို့ သိရပါတယ်။

အဲဒီ အစည်းအဝေးမှာ မိုင်းခတ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဒေါ်နန်းစမ်ရှန်မှ နမ်ဟူရွာဟောင်းကျေးရွာသူ ကျေးရွာသားတွေနဲ့

အတူ ရှမ်းဘာသာ စကားနဲ့ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

 

သတင်း - တင်အောင် မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank