မိုးကောင်းမြို့နယ် အောင်သာ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်ပြီးစီး၊ လူထု စစ်ဆေးပွဲ ပြုလုပ်

ကချင်ပြည်နယ် မိုးညှင်း ခရိုင် မိုးကောင်းမြို့နယ် အောင်သာ ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ရဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို စီမံကိန်း ထောက်ပံ့ငွေကျပ် ၂၅,၆၀၉,၁၇၀ နဲ့ ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ် ၂,၅၉၄,၂၈၀ မှ အမှန်ကုန်ကျငွေ စုစုပေါင်း ၂၈,၂၀၃,၄၅၀ ကျပ် နဲ့‌ ဆောင်ရွက် ပြီးစီးမှုကို စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီက အဆိုပါ ဘက်စုံသုံး ခန်းမမှာ လူထု စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့ကနေ ဇူလိုင်လ ၃၀ ရက်နေ့ အတွင်း ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း ဆောင်ရွက် ပြီးစီးမှုကို ကျေးရွာ ကော်မတီ ဝင်များနဲ့ တာဝန်ကျ ဝန်ထမ်းများ ဖြစ်တဲ့ လက်ထောက် နည်းပညာမှူး ဦးအောင်အောင်ဖြိုး၊ လူထု စည်းရုံးရေးမှူး ဒေါ်ချိုမာဝင်းတို့က ပုံစံ (၇) နဲ့ ဖြန့်ဝေပြီး၊ ပူးပေါင်းဆောင်ရွက်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းနဲ့ Cluster Leaders များ တက်ရောက်ကြပါတယ်။

ထိုကဲ့သို့ လူထု စစ်ဆေး ဆောင်ရွက်မှုကို မိုးကောင်းမြို့နယ် ကျေးရွာ ၇၉ ရွာရှိ လုပ်ငန်းခွဲပေါင်း ၁၁၁ ခုအနက် ၆၈ ရွာ ရှိ လုပ်ငန်းခွဲ ၉၁ ခုကို ဆောင်ရွက် ပြီးစီးခဲ့ ကြောင်း သိရပါတယ်။

ဆောင်ရွက် ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲများရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ရန် အိမ်တိုင်ရာရောက် စာရွက်များ ဝေပြီး၊ ကောက်ယူခြင်းနဲ့ လူထု စစ်ဆေးပွဲများကို ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - သန်းလွင်ဦး (ပြန်/ဆက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank