မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊‌ ကြက်ဆူအိုင့်ကျေးရွာ၊‌ စာသင်ကျောင်းဆောင်ဖွင့်ပွဲနှင့် လူထုစစ်တမ်းကောက်ယူ

ပေါက်  သြဂုတ်  ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းပြီး ကျေးလက်နေပြည်သူများ၏ထည့်ဝင်ငွေစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေများဖြင့် ပေါက်မြို့နယ် သရက္ကန်အုပ်စု ၊ ကြက်ဆူအိုင့်ကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည့် လူထုဗဟိုပ်ပုံငာစာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက် ပြီးစီးနေပြီဖြစ်၍ စာသင်ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ပြီးစီးမှုဖွင့်ပွဲကို ကြက်ဆူအိုင့်ကျေးရွာ စာသင် ကျောင်းရှေ့၌ ယနေ့ နံနက်ပိုင်းကကျင်းပသည်။

စာသင်ကျောင်းဆောင်ဖွင့်ပွဲတွင် လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေး၊ ကျားမ‌ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်းပြီးစီးပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ ဆွေးနွေးပြောကြား ခြင်း၊ နည်းပညာအကြံ‌ပေး ဝယ်ယူရေးတာဝန်ခံ ဦးတင်ထူးအောင်က ဝယ်ယူရေးလုပ်ထုံး လုပ်နည်းများ အကြောင်းရှင်းလင်း ဆွေးနွေး ပြောကြားခြင်း၊ စောင်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးသက်လှိုင်စိုးက စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်တိုင်းကို စောင်ကြည့်ရမည်ဖြစ်ကြောင်းပြောကြားကြပြ ကျေးရွာ တာဝန်ခံနှင့် ကျောင်းအုပ်ဆရာမကြီးတို့ ကကျေးဇူးတင် စကားများပြောကြားကြသည်။

ထို့နောက် လူထုစည်းရုံးရေးမှူး ဦးစိုးဝင်းက လူထုစစ်ဆေးပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် မဲပေးရမည့် ပုံစံများ အား အသေးစိပ်ရှင်းလင်းပြောကြားပြီး ဆောင်ရွက်ပြီးစီးသွားသည့်စီမံကိန်း လုပ်ငန်းခွဲများနှင့် လုပ်ငန်း ဆောင်ရွက်မှု၊ ငွေကြေးသုံးစွဲမှုများကို လူထုစစ်ဆေးပွဲပြုလုပ်သည်။

အဆိုပါ ကျေးရွာကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းမှာ အလျားပေ ၁၂၀၊ အနံပေ၃၀၊ အမြင့်ပေ ၁၂ ပေဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ(၁၆၂)သိန်း၊‌ကျေးရွာထည့်ဝင်‌ငွေ(၅၅၂၆၀၀)ကျပ် ဖြင့် ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၀ ရက်နေ့က ပြီးစီးခဲ့ကြောင်း၊ အဆိုပါ စာသင်ကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ပတ်သက် သည့် စိတ်ကျေနပ်မှုအပေါ် မဲပေး ရာမှာ လုပ်ငန်းစဉ်အတွက်‌ ကျေးရွာလူထုမှမဲ‌ ပေးရာအလွန်ကျေနပ်မဲ (၁၂၈) မဲ၊‌ကျေနပ်မဲ (၆)မဲနှင့် လုပ်ငန်းပြီးစီးအောင်မြင်မှုအတွက်ရလဒ်တွင် အလွန်ကျေနပ်မဲ (၁၂၈)မဲ၊ကျေနပ် မဲ(၆)မဲရရှိ ပြီးလူထု စစ်ဆေးပွဲ ရလဒ်တွေကို ကျေးရွာ လူထု သိရှိစေဖို့ ပွင့်လင်းမြင်သာစွာ ကြော်ငြာသင်ပုန်းမှာ ကြေညာ ပေးခဲ့ပါကြောင်း၊ လက်‌ ထောက်နည်းပညာမှူး‌ ဒေါ်လွမ်းနုနုလွင် ၏ ပြောကြားချက်အရ သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6355