လူထုဗဟိုပြု စီမံကိန်းမှ ဆာဇန် ကျေးရွာ မူလတန်း ကြိုကျောင်း ဆောက်လုပ်ပြီးစီးမှု လူထုစစ်တမ်း ကောက်ယူ

Social Audit Conducted for Village Nursery School Construction in Sarzen Village of Tonzang

Chin, SkyNet Media Coverage

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင် အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ဆာဇန်ကျေးရွာအုပ်စု ဆာဇန်ကျေးရွာ မူလတန်း ကြိုကျောင်း ဆောက်လုပ်ခြင်း ပြီးစီး အောင် ဆောင်ရွက် ခဲ့မှုကို စက်တင်ဘာလ ၂၃ ရက်နေ့ မှာ စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ဝင်များ တာဝန်ကျ လူထုစည်းရုံးရေးမှူးနဲ့ လက်ထောက် နည်းပညာမှူး တို့မှ ကျေးရွာ လူထုနဲ့ အတူ

လူထုစစ်ဆေးပွဲ ပြုလုပ်ခဲ့ပါတယ်။

တာဝန်ရှိသူများအဖွဲ့က ကိုဗစ် ၁၉ ကာလ အတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း လမ်းညွှန်ချက်များနဲ့ လူထုဗဟိုပြု စီမံကိန်း လုပ်ထုံးလုပ်နည်းများနဲ့ ဆောင်ရွက်ရမယ့် လမ်းညွှန်ချက်များကို ရှင်းလင်း ဝေမျှခဲ့ပါတယ်။

လူထုစစ်ဆေးပွဲမှာ ‌ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တာဝန်ကျ လက်ထောက် နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူးတို့မှ လူထုစစ်ဆေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကာ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့် ကြီးကြပ်ရေး ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး၊ လည်ပတ် ပြုပြင်ထိန်းသိမ်းရေးနဲ့ လူထု ပူးပေါင်းပါဝင်မှု ကဏ္ဍများကို ကျေးရွာ ကော်မတီဝင်များက ရှင်းလင်း ပြောဆိုခြင်း၊ ကျေးရွာ လူထု သိစေရန် လော်စပီကာဖြင့် ကြေညာခြင်း၊ ကျေးရွာ ကြော်ညာသင်ပုန်းမှာ အချက်အလက်များ ကပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ထိုနောက် စီမံကိန်း လုပ်ငန်းခွဲ ပြီးစီးအောင် ဆောင်ရွက်မှု အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ၊ အောင်မြင်မှုနဲ့ အကြံ ပြုချက်များ၊ ဆွေးနွေးခဲ့ကာ စီမံကိန်း လုပ်ငန်းခွဲရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ‌ကျေးရွာ ကော်မတီဝင် များမှ မဲပေးပြီးတော့ ကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒမဲများအား တအိမ်တက် တအိမ်ဆင်း ကောက်ခံ ခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank