လှိုင်းဘွဲမြို့နယ် ရေမင်းသာယာ ကျေးရွာတွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off in Yae Min Thar Yar of Hlaingbwe

Kayin, 28 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာလ ၂၈

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင်​ အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကမော့ကချူး​ကျေးရွာ အုပ်စု ​ရေမင်းသာယာ​ ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်း ကို ယမန်နေ့က စတင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ​ ထောက်ပံ့​ငွေ (၂၁,၁၀၀,၀၀၀)ကျပ်ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၁၁၁၀​ပေ x အကျယ် ၁၄​ပေ x ထု ၆လက်မ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ​ပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်​ထောက် နည်း ပညာမှူး နန်းဆုလဲ့ဖြူ၊ လူထုစည်းရုံး​ရေးမှူး​​​​ ဒေါ်မျိုးမမ​လေးတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူး​ပေါင်း ပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22695

http://www.mdn.gov.mm/my/remngsaayaakeraa-raattngknkrclm-cttngakeaangathnnypheaa