ရွှေကူ မြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်းမှ Cash for Work စီမံချက် ဆောင်ရွက်မည်

ကချင်ပြည်နယ် ရွှေကူ မြို့နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် အကျိုးဆက် သက်ရောက်ခြင်း ခံရတဲ့ ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေကို ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကိုယ်တိုင် ဆောင်ရွက်စေပြီး၊ လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်ပြည်သူတွေ ဝင်ငွေ ရရှိစေဖို့နဲ့ ကျေးရွာ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး၊ Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရင်ခိုင်ထံကနေ သိရပါတယ်။

အဲဒီ စီမံကိန်းကို ရွှေကူ မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ တစ်ချို့မှာ စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် ကျေးရွာ ရွေးချယ်ခြင်းကို အခုလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတယ်လို့ သိရပါတယ်။

အဲဒီနောက် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အတွက် လုပ်ငန်း အတည်ပြုခြင်း (TPIC) အစည်းအဝေး ပြုလုပ်ခဲ့ရာမှာ ကျေးရွာအုပ်စု ၁၇ အုပ်စု ကျေးရွာပေါင်း ၃၉ ရွာက လုပ်ငန်းခွဲ ၄၆ ခုကို အခြားဌာနတွေက ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ မထပ်ရေး စီမံကိန်း စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို စီစစ် အတည်ပြု ကြတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank