ဘော်လခဲ ၊ ဖားဆောင်း ၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဆောင်ရွက် ပြီးစီးခဲ့တဲ့ စီမံကိန်း မှတ်တမ်းတွေကို လွဲပြောင်းပေးအပ်

NCDDP’s Documentation for Completed Activities in Bawlake, Hpasawng and Mese Handed Over to Village Committees

Kayah, 19 October 2020, SkyNet Media Coverage

ဘော်လခဲ ၊ ဖားဆောင်း ၊မယ်စဲ့မြို့နယ်တွေမှာ လူထုဗဟိုပြု စီမံကိန်း (၄)နှစ် ဆောင်ရွက် ပြီးစီးခဲ့တဲ့ စီမံကိန်း လုပ်ငန်းခွဲတွေနဲ့ ပတ်သက်တဲ့ ဖိုင်တွေ ဘဏ္ဍာရေး၊ ဝယ်ယူရေး ဖိုင်တွေကို ကျေးရွာ အုပ်စု စီထောက် ကော်မတီဝင် တွေထံ အောက်တိုဘာလ ၁၃ ရက်နေ့က ဖားဆောင်း မြို့နယ် ဖားဆောင်း အုပ်စု ပါပုကျေးရွာမှာ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားမှာ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးကလောရယ်မှ စာရွက်စာတမ်းတွေကို ၈ နှစ်ကြာ ထိန်းသိမ်းထားရ မှာဖြစ်ကြောင်း နဲ့ တစ်ခြားသော အဖွဲ့အစည်းတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက အချိန်မရွေး စစ်ဆေးခံနိုင်ဖို့ ဖြစ်ကြောင်း ကော်မတီဝင်တွေကို မှာကြားပြီးတော့ မှတ်တမ်းတွေ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားကို ဖားဆောင်းမြို့နယ်မှ တောင်ပေါ်၊ ပါပု ၊ စုစည်း၊ ဗဟီထာ၊ ခဲမဖြူနဲ့ နမ့်ကစ် ကျေးရွာတို့မှ ကျေးရွာ ကော်မတီဝင်တွေ လူထု စည်းရုံးရေးမှူး လက်ထောက်နည်းပညာမှူးတွေနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage